Last modified: 29 January 2018

ကိုယ်ရေးကိုယ်တာအချက်အလက် အသုံးပြုမှုမူဝါဒ

ယခုကိုယ်ရေးကိုယ်တာအချက်အလက်နှင့် အသုံးပြုမှုမူဝါဒသည် Get All (Myanmar) Co., Ltd. မှ သင့်ကိုယ်ရေးအချက်အလက်များကို မည်ကဲ့သို့အသုံးပြု၍ ရနိုင်ကြောင်း ဖော်ပြ ထားပါသည်။
 

ကိုယ်ရေးအချက်အလက်များ စုဆောင်းခြင်း

ကိုယ်ရေးအချက်အလက်များဟုဆိုရာတွင် သင်သည် မည်သူမည်ဝါဖြစ်သည်ဆိုသည့် အချက်အလက်သာမကပဲ သင်နှင့်ပတ်သက်သည့် အခြားအချက်အလက်များလည်း ပါဝင်ပါသည်။ သင့်အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့နံပါတ်၊ နိုင်ငံသား၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ ဘဏ်ကဒ်များ၊ လူမျိုး၊ ကျား/မ၊ အိမ်ထောင်ရှိ/ မရှိ၊ နေထိုင်မှု အဆင့်အတန်း၊ ပညာရေးအခြေအနေ၊ ငွေရေးကြေးရေးအခြေအနေ၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်၊ သင်၏ Get မှသတ်မှတ်ပေးထားသော ရာထူး၊ လုပ်ကိုင်အလုပ်နေရာ၊ မှတ်ပုံတင်ထားသည့်ပုံစံအရ Get သို့ ပေးပို့ထား သည့်အချက်အလက်များ၊ အလုပ်လျှောက်လွှာပုံစံများ၊ အခြားအလားတူပုံစံများနှင့် သင်နှင့် ပတ်သက်သမျှ သော ရရှိနိုင်သည့်တင်းအချက်အလက်များ၊ သိမ်းဆည်းထားသောအချက်အလက်များ၊ အသုံးပြု မည့်အချက်အလက်များနှင့် Get မှ အခါအားလျော်စွာ ဆောင်ရွက်မည့် အချက်အလက်များလည်း အကန့်အသတ်မရှိအားလုံးပါဝင်ပြီး ကျန်းမာရေးနှင့်ကိုးကွယ်သည့် ဘာသာရေးဆိုင်ရာယုံကြည်မှုကဲ့သို့သော အချက်အလက်များ ကိုလည်း ကိုယ်ရေးအချက်အလက်များထဲတွင် ထည့်သွင်းထားပါသည်။

သင်၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့သည်ဆိုရာတွင် သင့်သဘောဆန္ဒအရသာ ဖြစ်ပါသည်။ သင့် အနေဖြင့် Get သို့ သင့်အချက်အလက်များကို မပေးပို့ခဲ့လျှင် Get အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့် ပတ်သက်၍ သင့်အချက်အလက်များကို အသုံးပြုပြီး ဆက်လက်ဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။

သင်သည် ကိုယ်စားလှယ်တစ်ဦး၊ ပစ္စည်းရောင်းချသူတစ်ဦး၊ ကုန်စည်ရောင်းချ သူတစ်ဦးဦး ဖြစ်သည်ဆို ပါက သင့်ကိုယ်ရေးအချက်အလက်များကိုမဖြစ်မနေပေးပို့သင့်ပါသည်။ အချက်အလက်များကို မပေးပို့လျှင် လိုအပ်သည့် စည်းမျဉ်းများနှင့် ကိုက်ညီနိုင်တော့မည် မဟုတ်ပါ။ Get အနေဖြင့်လိုအပ်သည့်ဝန်ဆောင်မှုတို့ကို သင့်ထံ သို့ ပေးပို့ပြီး ဆက်လက်ဆောင်ရွက်ပေးနိုင်တော့မည်လည်း မဟုတ်ပါ။

Get သို့ သင့်ကိုယ်ရေးအချက်အလက်များကိုပေးပို့ခြင်းအပြင် Get မှလည်း သင့်ကိုယ်ရေးအချက်အလက် များကို အောက်ပါအရင်းအမြစ်(Resources) တို့မှသိမ်းဆည်းရယူနိုင်ပါသည် -

  • (၁)လျှောက်လွှာပုံစံများဖြည့်စွက်ခြင်း (သို့မဟုတ်) မှတ်ပုံတင်ပုံစံများဖြည့်ခြင်း (သို့မဟုတ်) အခြား အလားတူပုံစံများဖြည့်စွက်ခြင်း၊
  • (၂)လမ်းညွှန်စာအုပ်ကဲ့သို့သောအရင်းအမြစ်များမှတဆင့်၊
  • (၃)Get ၏ လူမှုကွန်ယက်မီဒီယာများကို သင့်အနေဖြင့် Like၊ Follow များလုပ်ထားခြင်း (သို့မဟုတ်) အလားတူမီဒီယာများမှတဆင့်၊
  • (၄)အကြွေးယူထားသည်များကိုထုတ်ပြန်သည့်အေဂျင်စီများမှတဆင့်၊
  • (၅)လုပ်ငန်းများကို Get နှင့်ဆက်သွယ်ဆောင်ရွက်သည့်အခါ၊
  • (၆)Get မှပြုလုပ်သောပွဲများတွင်ပါဝင်ခြင်းအားဖြင့်၊
  • (၇)Get ၏အဖွဲ့အစည်းတစ်ခုခုအောက်မှတဆင့်၊
  • (၈)Get မှလွှင့်တင်ထားသော Get ၀က်ဘ်ဆိုဒ်များကိုသုံးခြင်း၊ Get နှင့်သက်ဆိုင်သည့် အခြား နာမည်ကြီးဝက်ဆိုဒ်များမှတဆင့်၊ ၀က်ဆိုဒ်များတွင် အသုံးပြုသည့် ကွတ်ကီး (Cookies) များမှတဆင့် သင့်ကိုယ်ရေးအချက်အလက်များကို ရှာဖွေစုဆောင်းနိုင်ပါသည်။
     

လုပ်ငန်း၏ ရည်ရွယ်ချက်များ

Get မှအောက်ပါအချက်များတွင် အကျုံးဝင်သည့် လုပ်ငန်းဆောင်တာများတွင် ကန့်သတ်ချက်များမရှိဘဲ သင့်ကိုယ်ရေးအချက်အလက်များကိုအသုံးပြုပြီး ဆောင်ရွက်နိင်ပါသည်။

  • (၁)သင်သည်Get မှပေးသည့်ဝန်ဆောင်မှုများကိုရယူသောဖောက်သည်တစ်ဦးဖြစ်ပါက၊
  • (၂)သင်နှင့် Get တို့အကြားတွင်စာချုပ်ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ Get ဘက်မှဆောင်ရွက်ရမည့် တာဝန်များကိုထမ်းဆောင်ရန်၊
  • (၃)သင့်အနေဖြင့်ရယူလိုသည့်ဝန်ဆောင်မှုများအားဆောင်ရွက်ပေးရန်၊
  • (၄)သင့်ထံမှနှစ်စဉ်ကြေးကောက်ခံပြီး ၀န်ဆောင်မှုပေးရန်၊
  • (၅)GetRide Application ကို ဒေါင်းလုဒ်ယူပြီး အသုံးပြုရန် တောင်းခံလာသည့်အခါ အသုံးပြုခွင့် ပေးပို့ရန်၊
  • (၆)သင်၏ပါဝင်ဆောင်ရွက်မှုများအားလုံးကို လေ့လာခြင်း၊ သုတေသနများလုပ်ခြင်း၊ ပွဲများပြုလုပ်ခြင်း၊ သဘောထားများကောက်ယူခြင်း၊ စစ်တမ်းများကောက်ယူခြင်း (သို့မဟုတ်) အခြားထုတ်လုပ်မှုများကို သင့်အားအကြောင်းကြားခြင်း၊
  • (၇)Get သို့ထည့်ဝင်သည့်ထည့်ဝင်ကြေးအတွက် သင်၏လျှောက်ထားမှုကိုစိစစ်ပြီး ထည့်ဝင်ကြေးပေးပြီး မှာယူသူများအား အကျိုးခံစားခွင့်များပေးရန်၊
  • (၈)သင်တောင်းခံထားသောဝန်ဆောင်မှု (သို့မဟုတ်) ပစ္စည်းများနှင့်စပ်လျဉ်း၍ငွေပေးချေမှုများနှင့် ကြိုတင်မှာကြားထားခြင်းများကိုအတည်ပြုချက်ရယူရန်၊
  • (၉)သင်ရယူလိုမည့် ကျွန်ုပ်တို့၏ရောင်းချမှု ၀န်ဆောင်ခြင်းများကိုနားလည်သိရှိစေရန်၊ သင်၏လိုအပ် ချက်များနှင့် ကိုက်ညီမည့်ပစ္စည်းများ၊ ၀န်ဆောင်မှုများကိုပေးနိုင်ရန် ပိုမိုပြည့်စုံရန်အတွက် ကြိုးစား ဆောင်ရွက်ခြင်းများပြုလုပ်ရန်၊
  • (၁၀)ကုန်ပစ္စည်းများလဲလှယ်ပေးခြင်း (သို့မဟုတ်) ကုန်ပစ္စည်းများပြန်ပို့ပေးခြင်း၊
  • (၁၁)သင်သည် ကိုယ်စားလှယ်၊ ပစ္စည်းရောင်းချသူ၊ ကုန်ပစ္စည်းများပေးသွင်းသူ၊ ပူးပေါင်းဆောင်ရွက်သူ၊ ကန်ထရိုက်တာ (သို့မဟုတ်) ၀န်ဆောင်မှုပေးသူတစ်ဦးဦးဖြစ်ခဲ့ပါက ကုန်ပစ္စည်းများ (သို့မဟုတ်) ၀န်ဆောင်မှုများပြုလုပ်နိုင်ရန်သင့်အားဆက်သွယ်ဆောင်ရွက် စေရန်ရည်ရွယ်၍ -
  • -သင်နဲ့ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Get မှလိုအပ်မည့်အချက်အလက်များ ရှာဖွေ ရယူ ဆောင်ရွက်နိုင်စေရန်၊
  • -သင်နဲ့ဆက်သွယ်ဆောင်ရွက်နိုင်ရန်လိုအပ်သောရှာဖွေကြည့်ရှုခြင်းများပြုလုပ်နိုင်ရန်၊
  • -သင်ဆောင်ရွက်ပေးခဲ့သောဝန်ဆောင်မှုများနှင့် ရောင်းချသောပစ္စည်းများနှင့် စပ်လျဉ်း၍ ငွေ ပေးချေမှုများပြုလုပ်ရန်၊
  • -သင်နှင့်ဆက်သွယ်ဆောင်ရွက်ရန်၊
  • -သင့်ထံမှပေးလာသောတုံ့ပြန်မှုများ၊ဝေဖန်ချက်များ၊ မေးမြန်းမှုများကိုပြန်လည်ဖြေ ကြား ဆောင်ရွက်ပေးရန်၊
  • -ယခုဖော်ပြခဲ့သောအချက်အလက်များပါ ဆောင်ရွက်မှုများနှင့်ပတ်သက်သည်များကို သင်နှင့်ဆက်သွယ်ဆောင်ရွက်ရန်၊
  • -စာရင်းစစ်ဆေးခြင်း၊ အချက်အလက်များစိစစ်ခြင်း၊ စာရင်းအချက်အလက်များ မှတ်တမ်းယူ သိမ်းဆည်းခြင်းစသည်တို့ကဲ့သို့သောစီမံခန့်ခွဲရေးရာကိစ္စရပ်များအတွက်၊
  • -ပြစ်မှုများနှင့်ပတ်သက်၍စုံစမ်းခြင်း၊ကြိုတင်ကာကွယ်ခြင်းနှင့်တရားစွဲဆိုခြင်းများကို ဆောင် ရွက်ခြင်း၊
  • -ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှပြဋ္ဌာန်းထားသည့်ဥပဒေများအညီ Get မှ ဆောင် ရွက်ပေးနိုင်ရန်၊
  • -ယခုမများတွင်သတ်မှတ်ထားသည့်ရည်ရွယ်ချက်များအညီ သင့်ကိုယ်ရေးအချက်အလက်များ ကို သုံးပြုပြီးဆောင်ရွက်မည့်Get နှင့်သဘောတူညီချက်ရယူရန်၊
     

ရောင်းဝယ်ဖောက်ကားခြင်းနှင့်အရောင်းမြှင့်တင်ရေး

Get မှ သင်၏ကိုယ်ရေးအချက်အလက်များကို အခြားသောကိစ္စရပ်များအတွက်လည်း အသုံးပြုပြီး ဆောင်ရွက်နိုင်ပါသည်။

  • (၁)သင့်ထံသို့ Get (သို့) Get ၏လုပ်ဖော်ကိုင်ဖက်များ (သို့) Get ၏စပွန်ဆာများ (သို့) ကြော်ငြာသူများ မှတဆင့် အသိပေးချက်များ၊ သတင်းအချက်အလက်များ၊ သတင်းထူးများ၊ ချောစာများ၊ ကုန် ပစ္စည်းကြော်ငြာများ၊ အထူးအခွင့်အရေးများ၊ နှုတ်ခွန်းဆက်သလွှာများ စသည့် အချက်အလက်များ ကို ပေးပို့ရန်၊
  • (၂)Get (သို့) Get ၏ လုပ်ဖော်ကိုင်ဖက်များ၊ စပွန်ဆာများ၊ ကြော်ငြာသူများမှပြုလုပ်သည့်ပွဲများသို့ တက်ရောက်နိုင်ရန် သင့်အား အသိပေးဖိတ်ကြားခြင်း၊ ပြုလုပ်သည့်ပွဲများသို့ပါဝင်တက်ရောက် နိုင်ရန် မှတ်ပုံတင်ပေးခြင်းနှင့်ပွဲများတက်ရောက် နိုင်ရန်သင်နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊
  • (၃)သင့်ကိုယ်ရေးအချက်အလက်များကို Get ၏လက်အောက်ခံအဖွဲ့အစည်းများ၊ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီများ၊ ပူးတွဲပိုင်အဖွဲ့အစည်းများသို့လည်း ပေးပို့သွားရန်၊ ၎င်းတို့၏ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ၊ ပွဲများ၊ အရောင်းမြှင့်တင်မှုများသိရှိနိုင်ရန် သင်နှင့် ဆက်သွယ်ဆောင်ရွက်မှု များ ပြုလုပ်နိုင်မည့်ကိုယ်စားလှယ်များ၊ ရောင်းချသူများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကန်ထရိုက်တာ များနှင့် ၀န်ဆောင်မှုပေးသူများသို့လည်းအချက်အလက်များကို ပေးပို့သွားရန်၊
  • (၄)ချောစာဖြင့် ပေးပို့ခြင်း၊ ဖုန်းဖြင့် ဆက်သွယ်ခြင်း၊ စာတိုပေးပို့ခြင်း၊ အီးမေးလ် (သို့) လူကိုယ်တိုင် ပေးပို့ခြင်းတို့ဖြင့်ဆက်သွယ်ဆောင်ရွက်ပြုလုပ်သွားပါမည်။
     

ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်း

Get မှပေးသည့်ဝန်ဆောင်မှုများကိုအသုံးပြုနေစဉ်တွင် သင်နေထိုင်ရာမြို့၊ နိုင်ငံ (သို့) သင်နေထိုင်သည့် နေရာကိုကျော်လွန်၍ သင်၏ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်း ပေးပို့ခြင်း၊ သိမ်းဆည်းခြင်း၊ အသုံး ပြုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များကို အထက်ဖော်ပြပါသကဲ့သို့ လွှဲပြောင်းပေးပို့ခြင်းများ ပြုလုပ်နိုင်ရန် သဘောတူဆောင်ရွက်နိုင်ပါသည်။

(တတိယလူပုဂ္ဂိုလ်) အခြားသူများကို ထုတ်ဖော်ပြောကြားခြင်း

ဖော်ပြခဲ့သည့် ရည်ရွယ်ချက်များနှင့် အခြားသောရည်ရွယ်ချက်များအရ သင်၏ကိုယ်ရေး အချက်အလက်များကို အခြားသူများအား ထုတ်ဖော်ပြသနိုင်ခြင်း၊ လွှဲပြောင်းပေးပို့နိုင်ခြင်း၊ ၀င်ရောက် ကြည့်ရှုနိုင်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

ထို့အပြင် Get ၏ ကိုယ်စားလုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ရန် အခြားသောကုမ္ပဏီများ၊ ၀န်ဆောင်မှုပေးသူများ၊ သီးခြားပုဂ္ဂိုလ်များတစ်ဦးချင်းစီတို့အား သင့်ကိုယ်ရေးအချက်အလက်များကို ပေးပို့ ဆောင်ရွက်နိုင်ပါသည်။အဆိုပါသူများအားလုံးတွင် အောက်ပါပုဂ္ဂိုလ်များကိုလည်းကန့်သတ်မထားဘဲအကျုံးဝင် ပါရှိပါသည် -

  • -Get နှင့်အတူလုပ်ငန်းဆောင်တာများ၊ ပွဲများနှင့်အစီအစဉ်များကိုအတူပူးပေါင်း ဆောင်ရွက်မည့် Get ၏လုပ်ဖော်ကိုင်ဖက်များ၊
  • -ပွဲစီစဉ်ပေးသည့်စီမံမှုရေးရာကုမ္ပဏီများနှင့်စပွန်ဆာများ၊
  • -ရောင်းဝယ်ဖောက်ကားမှုသုတေသနပြုလုပ်သည့်ကုမ္ပဏီများ၊
  • -အခြေခံအဆောက်အအုံများအတွက် အိုင်တီနည်းပညာဝန်ဆောင်မှုပေးသူများ၊ ဆော့ဝဲလ်နှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင်ဝန်ဆောင်မှုပေးသူများ၊
  • -တတ်ကျွမ်းသောအကြံပေးပုဂ္ဂိုလ်များ၊ ပြင်ပစာရင်းစစ်များအပြင်ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ ငွေကြေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များ၊
  • -Get နှင့်သက်ဆိုင်သည့်အခြားသောအဖွဲ့အစည်းများ၊
  • -ပြဌာန်းချက်များနှင့်အကျုံးဝင်ကိုက်ညီသော အစိုးရအာဏာပိုင်အဖွဲ့အစည်းများ၊ တဆင့်ခံ အနေဖြင့် ရောင်းချခြင်း (သို့) ခွဲဝေခြင်း၊ ကုမ္ပဏီများပူးပေါင်းခြင်း (သို့) ပစ္စည်းရောင်းချခြင်း ကဲ့သို့ သောပူးပေါင်းလုပ်ဆောင်သည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ သင့်ကိုယ်ရေးအချက်အလက်များကို ပေးပို့ဝေမျှနိုင်ပါသည်။
     

တတိယလူပုဂ္ဂိုလ်ဆိုင်ရာ ၀က်ဘ်ဆိုဒ်များလင့်ခ်များ

Get ၏၀က်ဘ်ဆိုဒ်များထဲတွင် တတိယလူပုဂ္ဂိုလ်ဆိုင်ရာဝက်ဘ်ဆိုဒ်များလည်း ပါဝင်ပါသည်။ သတိပြုရမည့် အချက်မှာ အဆိုပါဝက်ဘ်ဆိုဒ်များတွင် သင့်ကိုယ်ရေး အချက်အလက် များကို ထုတ်ဖော်ခြင်း၊ မျှဝေပေးပို့ခြင်း၊ အသုံး ပြုခြင်းနှင့်သိမ်းဆည်းထားခြင်းများအတွက် Get မှတာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါ။ သင့်အနေဖြင့်အဆိုပါ ၀က်ဘ်ဆိုဒ်များသို့ သင့်အချက်အလက်များဖြည့်သွင်းပြီးဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သော်လည်း Get ၏ မူဝါဒများနှင့် မကိုက်ညီသည့်အတွက်တာဝန်ယူဖြေရှင်းမပေးနိုင်ခြင်းဖြစ်ပါသည်။
 

ငယ်ရွယ်သူများနှင့်အခြားသောသူများ၏ ကိုယ်ရေးအချက်အလက်များ

မိဘ (သို့) အုပ်ထိန်းသူတစ်ဦးအနေဖြင့် ငယ်ရွယ်သူ (အသက်၁၈နှစ်မပြည့်သေးသူ) တစ်ယောက်အား အုပ်ထိန်းမှုဖြင့် ၎င်း၏ကိုယ်ရေးအချက်အလက်များကို Get သို့ ပေးပို့လိုသည့် ဆန္ဒရှိလျှင် ပေးပို့နိုင်ပါသည်။ ထိုကဲ့သို့ ပေးပို့ရာတွင်သင့်အနေဖြင့် အထက်တွင်ဖော်ပြခဲ့သော သတိပေးချက်များနှင့်မဆန့်ကျင်စေဘဲလျက် ငယ်ရွယ်သူ၏ ပြုလုပ်သည့်အရာတိုင်း အတွက်တာဝန်ရှိသည်ကိုလက်ခံသဘောတူညီရာရောက်လိမ့်မည်ဖြစ်ပါသည်။ တချို့သောအခြေအနေတို့တွင် သင့်အနေဖြင့်သင်၏ ဇနီး၊ ခင်ပွန်း၊ မိသားစုဝင် (သို့) မိတ်ဆွေတို့ ၏ အချက်အလက်များကိုလည်း ပေးပို့နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင်လည်း သင့်အနေဖြင့် ၎င်းတို့၏ အချက် အလက်များကို၎င်းတို့၏သဘောဆန္ဒအလျောက် စည်းမျဉ်း စည်းကမ်းများကို သိရှိပြီး Get သို့ ပေးပို့ခြင်း ဖြစ်ကြောင်းတာဝန်ယူရမည်ဖြစ်ပါသည်။
 

အသိအမှတ်ပြုမှုနှင့်သဘောတူညီမှု

Get နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းအားဖြင့်၊ Get ကိုသုံး၍ကုန်ပစ္စည်းများဝယ်ယူခြင်း၊ ၀န်ဆောင်မှုများ ရယူခြင်းဖြင့် သင်သည်ဖော်ပြခဲ့သည့်စည်းမျဉ်းများကို နားလည်သဘောတူ လက်ခံပြီးဖြစ်သည်ကိုသိရှိပြီး ဖြစ်ပါသည်။

Get အနေဖြင့်ဝက်ဘ်ဆိုဒ်တွင် အသစ်ပြင်ဆင်ဖြည့်စွက်မည့်မူဝါဒများကိုလည်း အချိန်မရွေးမွမ်းမံ ပြင်ဆင်ပြုလုပ်သွားမည် ဖြစ်ပါသည်။ Get နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းအားဖြင့် Get ကို အသုံးပြုပြီး ကုန် ပစ္စည်းများကိုဝယ်ယူခြင်း၊ ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ်ရယူအသုံးပြုခြင်းအားဖြင့်၊ အသစ်ပြင်ဆင်သည့် မူဝါဒများကို မျက်ခြေမပြတ်လေ့လာ စောင့်ကြည့်ခြင်းအားဖြင့် ထိုကဲ့သို့ပြင်ဆင်သည့်အချက်အလက်အသစ်များကို သင့်အနေဖြင့်အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။